လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းများကို ( ရငဲသား ) မှကျေးဇူးအထူးတင်ရှိပါကြောင်း...

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, March 29, 2012

Windows 7 မှာအသံမလာဘူးဆိုရင်


ကျွန်တော်ဒီနေ့တော့ Windows 7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးဖြေရှင်းလို့ရမယ့်နည်းလမ်းလေးတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်..။ကျွန်တော်နည်းသုံးနည်းနဲ့ရှင်းပြပေးသွားပါမယ်..။တစ်ခုပြောချင်ပါတယ်..
မေးထားတာတွေကိုချက်ချင်းပြန်မဖြေပေးနိုင်ဘူးဆိုတာကျွန်တော်မေးထားတဲ့မေးခွန်းတွေနဲ့ပါတ်သတ်ပြီး
အဆင်ပြေပြီးအသုံးဝင်မဲ့အဖြေမျိုးကိုပဲအတက်နိုင်ဆုံးပေးချင်ပါတယ်..။ဖြေသာဖြေလိုက်ပြီးအဆင်မပြေဘူး
ဆိုရင်လဲဘာမှမထူးပါဘူး..။အခုကျွန်တော် Windows 7 မှာ Audio ပြသနာတက်နေတာနဲ့ပါတ်သတ်ပြီးမေး
ထားတာလေးတွေနဲ့ပါတ်သတ်ပြီးကျွန်တော်လေ့လာမိသလောက်အဆင်ပြေမယ်ထင်တဲ့နည်းလမ်းတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်.။
အရင်ဆုံး Windows 7 တင်ပြီးတဲ့အခါမှာအသံမလာတာနဲ့ပါတ်သတ်ပြီး  Windows Update ပေးပြီးဖြေရှင်းလို့ရ
မယ့်နည်းလမ်းလေးကိုအရင်ဆုံးရှင်းပြပါမယ်.။အဲ့ဒီနည်းလေးကတော့လွယ်ပါတယ်..။ဘာမှလုပ်စရာမလိုပါဘူး..။
Windows Update ပေးလိုက်ပြီဆိုတာနဲ့လိုအပ်တဲ့ Sound Driver ကိုဒေါင်းလော့ချပြီး Install လုပ်ပေးသွားပါ
လိမ့်မယ်..။Windows Update  ပေးလိုက်ယုံပါပဲ..။ဒီလိုမျိုး Audio ပြသနာတွေဖြစ်တာကစက်ကပါပြီးသား
Sound Card ကိုမသုံးပဲ  Sound  Card သက်သက်တပ်ထားတဲ့စက်တွေမှာဖြစ်တက်ပါတယ်။မိမိတို့တက်
ထားတဲ့ Sound Card Driver ကို Install လုပ်ပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။





အောက်ကပုံမှာပြထားသလိုအဆင့်ဆင့်သွားပြီးလုပ်ရင်လဲရပါတယ်..။


 



နောက်တစ်နည်းကတော့ Motherboard နံပါတ်ကိုကြည့်ပြီး  Google မှာမိမိစက်မှာလိုအပ်မဲ့  Sound  Driver
ကိုရှာပြီးအသုံးပြုလို့ရမဲ့နည်းလမ်းလေးကိုရှင်းပြပေးပါမယ်..။အရင်ဆုံး Motherboard  နံပါတ်ကိုဘယ်လို
ကြည့်ရမယ်ဆိုတာကိုအောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ်..။









အပေါ်မှာပြထားတဲ့နည်းအတိုင်းမိမိတို့ရဲ့ Motherboard  နံပါတ်ကိုသိပြီဆိုရင် Google မှာ Mother နံပါတ်
နောက်မှာ  Audio  Driver  လို့ရိုက်ထည့်ပြီးရှာပေးလိုက်ယုံပါပဲ..။ဒါဆိုရင်မိမိရဲ့စက်မှာအသံမလာတဲ့အခါ
Audio Driver ကိုရှာပြီးဖြေရှင်းတက်သွားမယ်လို့ထင်ပါတယ်..။



နောက်တစ်နည်းကတော့ Realtek ဆိုတဲ့ Driver လေးကိုသုံးပြီးဖြေရှင်းနည်းပါ..။ဒီကောင်လေးကအရမ်းကိုအ
သုံးဝင်ပါတယ်..။ဘယ်လို Audio အခက်အခဲမျိုးဖြစ်နေပါစေဒီကောင်လေးကိုမိမိတို့စက်မှာ Install လုပ်ပေး
လိုက်တာနဲ့တင်အဆင်ပြေသွားပါလိမ့်မယ်..။မှတ်ချက် ။  ။ Sound  Card  သက်သက်တပ်ပြီးသုံးတဲ့လူတွေ
အတွက်တော့အဆင်ပြေမှာမဟုတ်ပါဘူး..။အဲ့ဒီအတွက်ဘယ်လိုနည်းလမ်းသုံးရမယ်ဆိုတာအပေါ်မှာရှင်းပြ
ခဲ့ပြီးပါပြီ..။
အရင်ဆုံး  http://152.104.125.41/Default.aspx  ကိုသွားပါ..။ပြီးရင်အောက်ကပုံမှာပြထားသလို
HD Audio Codec Driver ကို Click  ပေးလိုက်ပါ.။ပြီးရင်  I accept the above ကိုအမှန်ခြစ်လေးပေး
ပြီး Next ကိုနှိပ်လိုက်ပါ..။  ပီးရင်တော့  မိမိတို့ Windows အမျိုးအစားကိုရွေးပြီးဒေါင်းလော့ချလိုက်ယုံပါပဲ.. ။
ဒေါင်းလော့ချပြီးသွား လို့Realtek Driver လေးရလာပြီဆိုရင်တော့ဒီကောင်လေးကိုမိမိတို့စက်မှာ Install 
လုပ်ပေးလိုက်ယုံနဲ့မိမိစက်မှာဖြစ်နေတဲ့  Audio ပြသနာတွေအဆင်ပြေသွားပါလိမ့်မယ်...။အောက်မှာပုံလေးတွေ
နဲ့ဘယ်လိုလုပ်ရ မယ်ဆိုတာကိုလဲရှင်းပြပေးထားပါတယ်..။










ဒီလောက်ဆိုရင်တော့  Windows  7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးအဆင်ပြေသွားလမ့်
မယ်လို့ထင်ပါတယ်....
အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ....
ကဲဒီပို့စ်လေးရေးသားသူကတော့.... ကိုနေမင်းမောင်ပါ...ကျွန်တော်လည်းဒီတစ်လော  ဆိုဒ်ကိစ္စ နဲ့ ကျန်မာရေးကတစ်ဖက်ဗျ         .......      ပြောမပြတော့ဘူးနော်....:p  ဒါကြောင့်ကော်ပီဘလော့တွေပဲတင်ပေးနိုင်တော့တယ်....အဆင်ပြေနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်
koko007  ကမေးလာလို့ပါ ကျွန်တော်လည်း အဲ့ဒီတုန်းက ဖြေဖို့အချိန်ကလည်းမရတာနဲံ့မဖြေလိုက်ဘူး...အခု ဒီပို့စ်ကိုမြင်တာနဲ့သွားသတိရပီး  နောက်များမှာ လိုအပ်တဲ့သူငယ်ချင်းတွေရှိရင်လည်း အသုံးဝင်တာပေါ့....အဆင်ပြေပါစေနော်...... ဇွဲဆိုဒ်လေးမှာ ပျော်ရွှင်စာလည်ပတ်နိုင်ကြပါစေလို့   ဆန္ဒပြုပါတယ်....။
                         ခန့်ချောလေး...........

Tuesday, March 27, 2012

photoshop ကိုသုံးပြီး gif sideshow ပုံလေးတွေကိုယ်တိုင်ပြုလုပ်ရအောင်

မင်္ဂလာပါဗျာ............gif sideshow လေးနဲ့ ပုံတွေပြုလုပ်ချင်နေတာကြာပါပြီ.......သယ်လိုလုပ်ရမှန်မသိလို့ စိတ်လေနေတာ....
အခုတော့ photoshop ကလိဖို့ လိုက်ရှာရင်းနဲ့ lynda.com ကနေကတွေ့မိလိုက်လို့ ကျွန်တော်လိုလုပ်ချင်ပြီး ခေါင်းမူးအောင်လိုက်ရှာနေရတဲ့သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..........လုပ်တတ်ပြီးသားသူတွေအတွက် တန်ဖိုးမရှိတော့ပေမဲ့ မလုပ်တတ်သေးတဲ့သူတွေအတွက်တော့
အသုံးတဲ့မှာပါဗျာ............
ပထမဆုံး photoshop ဖွင့်ပြီး ဘာလေယာတွေမ မခေါ်ဘဲ widow ဆိုတာထဲက animation ဆိုတာလေးကို ကလစ်လိုက်ပါ.......

ပြီးရင်တော့ Mb (mini bridge) ထဲကနေ မိမိပြုလုပ်လိုသော ဖိုင်တွေကို select ပေးပြီး Tools ကနေ photoshop ထဲက load files into photoshop layers ဆိုတာနဲ့ ဖွင့်ပေးလိုက်ပါ............
နောက်တဆင့်ကတော့ ဖွင့်ထားတဲ့ ပုံတွေကို  animation ထဲမှာ timeline နဲ့တွေ့နေရတယ်ဆိုရင် ပြုလုပ်နေတဲ့ sideshow လေးကို edit ပြုလုပ်နိုင်ဖို့ freme ပြောင်းဖွင့်လိုက်ပါ......
်
frame ပြောင်းပြီးရင်တော့ မိမိပြုလုပ်လိုသော ပုံအရေအတွက်အလိုက် frame တွေပြုလုပ်ရမှာပါ

အခု ပုံ ၂ ပုံနဲ့ ပြုလုပ်ထားလို့ နောက်ထက် frame တခုထက်ခေါ်လိုက်ပါတယ်.........ခေါ်ပြီးရင်တော့ ပထမ frame ကို select ပေးပြီး layers ထဲက မိမိ အရင်ဆုံးပေါ်လိုတဲ့ ပုံတပုံထဲကိုဘဲ indicetes layers visibility မှာ မှတ်ပေးရမှာပါ..........
ပုံတွေကို တဖြေးဖြေးလေး ပေါ်စေချင်ရင်တော့ tweens animation frames ကို ကလစ်ပြီး လိုသလိုပြင်ပေးပါ


စိတ်ကြိုက်ပြင်ပြီးသွားရင်တော့.........save for web & devices ( alt+shift+s) ကနေ save လုပ်လိုက်ပါ..........
နောက်ဆုံးအဆင့် save မလုပ်ခင်မှာ play ပြန်ကြည့်လို့ရသလို web browser မှာ မိမိဖန်တည်းထားတဲ့ပုံလေးကို ပြည်လည်ကြည့်ရှု့နိုင်ပါတယ်........အားလုံးစိတ်ကြိုက်ရောက်ပြီဆိုရင်တော့ save နိုင်ပါပြီ........

မသိသေးသော သယ်ချင်းများ အဆင်ပြေလွယ်ကူစွာနဲ့ gif sideshow လေးပြုလုပ်နိုင်ကြပါစေ...........

Gmail Account (၃)ခုလောက်ကိုBrowser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်

Gmail Account (၃)ခုလောက်ကိုBrowser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်

Gmail (၃)ခုလောက်ကို တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။
ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့ Personal Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့ feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။ (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး အရင်က မမြင်မိတာတော့ သေချာတယ်)

[IMG]http://img1.imagehousing.com/54/48dc535685a4eb7b9a66d0b203cf5cf2.jpg[/img]

အဲ့မှာ edit ကို နှိပ်ပေါ့ .. နှိပ်လိုက်တာနဲ့  လောလောဆယ်တော့ off ဆိုတာကို ရွေးထားလိမ့်မယ် ။ အဲ့မှာ အပေါ် က On ဆိုတာလေးကို ရွေး ၊ Check Box 4 ခုလုံးကို အမှန်ခြစ်ထည့်

[IMG]http://img1.imagehousing.com/29/3ff30650aca75a804b0ff80020cf81fc.jpg[/img]

ပုံမှာ ပြထားတဲ့ အတိုင်းပေါ့ ။ ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ လုပ်ဆောင်ချက်တွေ အားလုံး ပြီးသွားပါပြီ ။ mail ကို ပြန်သွားပြီး Refresh(F5) တစ်ချက် နှိပ်ပေးလိုက်ပါ ။ အဲ့ဒါဆိုရင်တော့ အပေါ်ထောင့်က မိမိ account name ရဲ့ ဘေးနားမှာ ဒီလိုလေး ပေါ်လာပါပြီ ။

[IMG]http://img1.imagehousing.com/58/cee685b62404a7e7db9e43e6fe101bed.png[/img]

အဲ့မှာ sign in to another account ကို နှိပ်လိုက်တာနဲ့  (mozilla ပဲ သုံးတယ် ဆိုကြပါစို့ )browser ရဲ့  tab နောက်တစ်ခုမှာ

[IMG]http://img1.imagehousing.com/53/4bc3daf781726d768b813647af512a9a.jpg[/img]

ဒီလိုလေး sign in page လေး ကျလာပါလိမ့်မယ် ။ အဲ့ဒါဆိုရင်တော့ Browser တစ်ခုထဲမှာပဲ မိမိရဲ့  gmail account (၃)ခုလောက်ကို တစ်ပြိုင်တည်း ဖွင့်လို့ ရနိုင်ပါပြီ ။ တကယ်လို့ နောက်ထပ် ဖွင့်လိုက်တဲ့ အကောင့်က မပေါ်ပဲ အရင်အကောင့်ပဲ ပေါ်နေတယ်ဆိုရင် ခုနက အကောင့်ဘေးနားရဲ့ မြှားလေးမှာ မိမိ ဖွင့်ထားရင် ဖွင့်ထားတဲ့ အကောင့် နာမည်တွေ ပေါ်နေပါလိမ့်မယ် ။ အဲ့ဒါလေးတွေကို ရွေးပေးလိုက်ရုံနဲ့  browser တစ်ခုထဲမှာ အဆင်ပြေပြေနဲ့  mail တွေ အကုန်လုံး စစ်လို့ ရနိုင်ပြီး အကောင့်တွေ ကိုလည်း တစ်ပြိုင်တည်း invisible (ဂျီပုန်း) လုပ်နိုင်ပြီ ဖြစ်ပါတယ် ။
(ဒါပေမဲ့ အဲ့နေရာမှာ တစ်ခုတော့ အဆင်မပြေတာ ရှိပါတယ် .. multiple ၀င်ထားတဲ့ mail အကောင့် တစ်ခုခု sign out လုပ်လိုက်တာနဲ့ mail အကုန်လုံး လိုက်ပြီး sign out ဖြစ်ကုန်ပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့ဒါလောက်နဲ့ တော့ အဆင်မပြေဘူးလို
့မမြင်မိပါဘူး) ။ မိမိ အသုံးအများဆုံး ဖြစ်တဲ့ mail တစ်ခုတည်းရဲ့  multiple sessions တစ်ခုတည်းကို on ပေးထားရုံနဲ့ mail အကုန်လုံး သုံးလို့ ရနိုင်မှာ ဖြစ်ပြီး ၊ အဲ့ on ထားတဲ့ mail account က default , primary mail အဖြစ်ရှိနေမှာ ဖြစ်ပါတယ် ။ (ဆိုလိုတာက mail အကောင့် ရှိသလောက် လိုက်လုပ်နေစရာမလိုပဲ တစ်ခု လုပ်ထားရုံနဲ့ ရတယ်လို့ ပြောတာပါ။ လုပ်ထားတဲ့
အကောင့်ကို အရင်ဖွင့်ဖို့ တော့ လိုတာပေါ့နော် ) ။ တစ်ခု တည်း on ပေးထားရုံနဲ့  ဘယ်နေရာ ဘယ်ဌာန ရောက်ရောက် ကို တစ်သက်လုံး သုံးလို့ ရနိုင်ပါပြီ ။
ကဲ အခုပဲ try ကြည့်လိုက်ပါတော့။
19 ယောက်ကြည့်သွားပါသည်။

Monday, March 26, 2012

မိမိဓါတ်ပုံများ ကို Funny အနေနဲ့ ပြုလုပ်နိုင်မည့် ဆိုဒ်များ

အွန်လိုင်းမှာ Photos တွေကို Funny အနေနဲ့ ပြုလုပ်ချင်သူများအတွက် လင့်ခ်လေးများကို သိသလောက် မျှဝေလိုက်ပါတယ်..။ လုပ်နည်းတွေကတော့ ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်ပါ..။ တော်တော်များများ အသုံးပြုရတာ အဆင်ပြေပါတယ်..။

1. BeFunky
2.FunPhotoBox
3.PhotoFunia
4.Photo 505
5.Cameroid
6.Loonapix
7.Photofunia
8.Dumpr
9.WriteOnIt
10.MagMyPic
11.Hollywood Hair Virtual Makeover
12.Hairmixer
13.BigHugeLabs Flickr
14.FaceInHole
15.Personalized money
16.Fake Magazine Cover
17.My Heritage Face Recognition
18.Poladroid – The easiest and funiest polaroid maker
19.FotoTrix – Image Generator
20. Picnik
21. JpgFun
22.Dynamic Einstein picture
23. Photovisi
24. PixiSnap
25. Fotocrib
26.Create Your Own Wired Cover
27. Pizap
28.Blingee
29. Imagic Photo Enhancer

gtalk မှာ အင်္ဂလိပ်က နေ မြန်မာလိုပြောင်းလို့ရပီ...............အကောင့်ရခဲ့ပါပြီ

Gtalk မှာ English2Myanmar Dictonary ထည့်လို့ရနေပါပြီ။ mmgeeks အဖွဲ့ကနေ ဖန်တီးထားတာပါ။ Gtalk ကိုဖွင့်ပြီး en2mm5@mmgeeks.org ကို
add လုပ်လိုက်ရုံနဲ့ သုံးလို့ရပါပြီ။ ဥပမာ ကိုယ်က computer လို့ရိုက်ထည့်ပြီး ပြောလိုက်ရင် သူက ကွန်ပျူတာ လို့ ပြန်ပြောပါလိမ့်မယ်။ လောလောဆယ်တော့
စကားလုံးတွေ သိပ်မစုံသေးပါဘူး။ ဒါပေမဲ့ /add englishword wordcategory myanmarword ကိုသုံးပြီး ထည့်ပေးလို့ရပါတယ်။ သူတို့က
အတည်ပြုပေးပါလိမ့်မယ်။ အဲဒီတော့ သုံးလည်းသုံးရင်း လိုတဲ့စကားလုံးလေးတွေကိုလည်း ထည့်ပေးရင်းနဲ့ ကူညီကြလိုက်ရအောင်။

☆☆☆ FLash Songs ကို Mp4(or)Phone(or) ခွေသို့ပြောင်းနည်း☆☆☆


အခုကျွန်မပေးတဲ့ ဆော့ဝဲက ☆☆☆ FLash Songs ကို  Mp4(or)Phone(or) ခွေသို့ပြောင်းနည်း☆☆☆ လေးကိုတင်ပေးလိုက်ပါ
တယ်။မသိသေးတဲ့သူတွေအတွက်ပါ။ ဖလက်သီချင်းတွေကို  အင်တာနက်မှဒေါင်းပြီးရင်း  ကွန်ပျူတာမှာ  ဘဲကြည့်လို့ရပါတယ်
Mp4(or)Phone(or) ခွေ သို့ ပြောင်းလို့မရပါဘူး။အခု ကျွန်မတင်ပေးလိုက်တဲ့ ဆော့ဝဲက အကုန်လုံးပြောင်းလို့ရပါတယ်။
အောက်မှပုံလေးတွေနဲ့ပြထားပါတ.ယ်။အားလုံးအဆင်ပြေကြပါစေ...........



ဒီမှာဒေါင်းလိုက်ပါ။
အားလုံးကိုခင်မင်လေးစားလျက်

Windows 7 Step by Step Installation လုပ်နည်း


မင်္ဂလာပါခင်ဗျာ…
ကျွန်တော် အခုတင်ပေးမှာက OS 7 တင်တဲ့ နည်းပါခင်ဗျာ…
သိတဲ့ သူအတွက်တော့လွယ်နေမှာပေါ့ ..
မသိသေးသူတွေအတွက်ကို ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ်…
မသိတဲ့ သူတွေအတွက်ကတော့ windows တစ်ခါတင်ရင် တင်ရင်
မြန်မာပြည်မှာဆိုရင်တော့ အနည်းဆုံး ၅၀၀၀ ကျပ်လောက်တော့ ကုန်မယ်ထင်တယ်..
US မှာတော့ 30$ ပေးရတယ်တဲ့  ဟိဟိ ကြွားရဦးမယ် ကျွန်တော့်အတွက် တစ်ပတ်စာ စားစရာလောက်ရှိတယ်နော် …
ဒါ့ကြောင့် မကုန်သင့်တာ မကုန်အောင်လို့ ကိုယ်တိုင်လုပ်တတ်အောင်လို့ မျှဝေပေးလိုက်ပါတယ် ခင်ဗျာ….
ကဲ ကျွန်တော်တို့ စပြောကြရအောင်………..
Windows 7 installation လုပ်သည့်အခါ မိမီတင်သည့်ံwindows 7 (Ultimate or Eternity)DVD တစ်ချပ်ရှိဖို့ လိုအပ်ပါမယ်…..
windows 7 DVD ခွေကို DVD ROM DRIVE ထဲထည့်လိုက်ပါ..
ခွေထည့်ပြိးလျှင် ကွန်ပျူတာကို restart ချပြီး ပြန်တတ်လာတဲ့ အချိန်မှာ
keyboard မှ Delete key ကို ၅ ကြိမ်ထက်မနည်းနှိပ်ပေးပါ..(အလွယ်နည်းလေး
အတိုင်းပြောပေးတာပါ) Desktop computer တွင် အများအားဖြင့် Delete key
ကို နှိပ်ပေးရပြီး Laptop computer များတွင် F1 (သို့ )F2 key ကို နှိပ်ပေးရပါတယ်….
အခုဆိုရင် BIOS တတ်လာပါပြီ..
1.Advanced Bios Feature သိုဝင်လိုက်ပြီး

2.First Boot Device ကို DVD ROM ထားရပါမယ်.

3.Second Boot Device ကို Hard Disk ထားရပါမယ်.
ရွေးချယ်ပြီးပါက keyboard မှ F10 ကိုနှိပ်ကာ save and exit လုပ်ရပါမယ်.
Enter ခေါက်လိုက်တာနဲ့  windows installation စတင် လုပ်ဆောင်ပါပြီ
Restart ကျသွားပြီး ပြန်တတ်လာတဲ့ အခါ
press any key to boot CD or DVD ဆိုလျှင် Enter or F8 ကိုနှိပ်ပေးလိုက်ပါ
အောက်က ပုံအတိုင်း Black screen နဲ့ loading file တတ်လာပါမယ်..
Step(1)

ကိုယ့်ရဲ့ System ကို CD ကနေ Boot လုပ်ဖို့ ပြင်ဆင်ပြီးသွားတဲ့ နောက်မှာ Restart ပြန်အတက် Installation ခွေ ထည့်အပြီး မြင်ရမယ့် Screen က ဒီလို။ ဒီအဆင့်က installation ဆက်လက်လုပ်ဆောင် နိုင်ဖို့ အတွက် လိုအပ်တဲ့ Driver files တွေကို Loading လုပ်ဆောင်နေတဲ့ အဆင့်ဖြစ်ပါတယ်။။။။။။။။
Step(2)

Windows 7 installation progress ဟာ နောက်ကွယ်မှာ ဆက်လက် လုပ်ဆောင်နေကြောင်း ဖော်ပြနေတဲ့ Screen ဖြစ်ပါတယ်။ ဘာမှ လုပ်ဆောင်ဖို့ မလို စောင့်ကြည့်နေယုံပါပဲ။။။။။။။။
Step(3)

ဒီအဆင့်မှာ ကိုယ့်စက်မှာ အသုံးပြုမယ့် Language , Time နဲ့ Currency format အပါအဝင် ကီးဘုတ် အမျိုးအစားကိုပါ ရွေးချယ်ပေးရမယ်။ ပြီးရင် Next လုပ်လိုက်ပါ။။။။။။။။
Step(4)

အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဒီအဆင့်မှာ Install Now .. ဒီ installation ဟာ Clean installation မို့လို့ ပုံမှန်အားဖြင့် အောက်မှာတွဲပါနေတဲ့ Repair your computer တို့ ဘာတို့ကို ထည့်သွင်း စဉ်းစားဖို့ မလိုဘူး .. အဲကောင်တွေက နဂိုရှိပြီးသား Windows 7 error တစ်ခုခု တက်ပြီး ပြန်ပြင်ချင်ရင် သုံးတာ .. လောလောဆယ်တော့ Install now ကိုပဲ နှိပ်လိုက်ပါ။။။။။။
Step(5)


Install Now ကို နှိပ်လိုက်ပြီးနောက်မှာ Setup စတင်လုပ်ဆောင်ပါပြီ ဆိုတဲ့ အကြောင်း ပြတဲ့ Screen တက်လာတယ် .. မိမိစက်ရဲ့ စွမ်းဆောင်ရည်ကို လိုက်ပြီး ဒီနေရာမှာ အချိန်အနဲနဲ့ အများကြာမှာပါ စက်ကောင်းရင်တော့ မိနစ် ၂၀ လောက်ပါပဲ။။။။။
Step(6)

ဒီအဆင့်မှာကတော့ သူတို့ ဖော်ပြထားတဲ့ License Agreement ကို အသုံးပြုက နားလည်သဘောပေါက်ပြီး သဘောတူ လက်ခံပြီးကြောင်း အတည်ပြုစေတဲ့ နေရာ .. ဒီနေရာမှာ I accept the license terms ကို Select လုပ်ပြီးမှာ ရှေ့ဆက် လုပ်ဆောင်လို့ ရမယ်။။။။။
Step(7)

ဒီအဆင့်မှာ ကိုယ်လုပ်မယ့် Setup က Upgrade installation လား Custom installation ဆိုတာ ရွေးပေးရမယ် .. Upgrade installation ဆိုတာ အလွယ်ပြောရရင် နဂိုရှိပြီး Windows ( ဥပမာ – Vista ) ကနေ နောက်သူ့ထက်မြင့်တဲ့ Versions ( ဥပမာ – Windows 7 ) တစ်ခုဆီ မြှင့်တာကို ခေါ်ပြီး .. Custom ဆိုတာကတော့ နဂိုရှိပြီးသား ဝင်းဒိုးရှိနေမယ် ဆိုရင်တောင် ဒီ ဝင်းဒိုးအသစ်နဲ့ အစကနေ အဆုံး အသစ်တစ်ခုအနေနဲ့ အစားထိုးစေတာကို ခေါ်တယ် .. Custom installation ကို Clean installation လုပ်ဆောင်မှု အနေနဲ့ သုံးတယ်။
Custom installation ဆိုတာကိုပဲ ရွေးပေးလိုက်ပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တ်ာတို့ က Free သုံးမှာလေ။။။
Step(8)

ဒီပုံမှာတော့ Unallocated space ဆိုပြီး 24GB ရှိတဲ့ Disk တစ်ခုပဲ ရှိလို့ Windows Setup ကို ဒီမှာပဲ တင်ရမယ် .. တကယ်လို့ ပါတေးရှင်း ၂ ခုရှိနေရင်တော့ ကြိုက်ရာ တစ်ခုမှာ ရွေးတင်နိုင်တယ် ..ဒီ နေရာမှာပဲ ACPI/RAID/SATA controller တွေအတွက် လိုအပ်မယ့် Drivers တွေကို Load Driver Option ကနေ တစ်ဆင့် install လုပ်လို့ ရတယ် .. တစ်ခြားဖြည့်သွင်းရမယ့် Drivers မရှိခဲ့ရင် Next ကိုနှိပ်ပါ။။။။။။။
Step(9)

ဒီ advanced options ပေါ်လာခဲ့ပြီ ဆိုရင် ဒီနေရာကနေ ပါတေးရှင်း တစ်ခုတည်း ရှိတာကို ၂ ခု ( သို့တည်းမဟုတ် ) ၃ ခု အစရှိသဖြင့် ခွဲတာတွေ .. နဂိုရှိနေပြီးသား ပါတေးရှင်း အဟောင်းကို Format ချတာတွေ လုပ်ဆောင်နိုင်မယ်။ ရည်ရွယ်ထားတဲ့ ပါတေးရှင်းမှာ လုပ်ဆောင်ချင်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားပြီရင်တော့ Next ကို နှိပ်ပါ။။။။။။။။
Step(10)

ဒီအဆင့်ကတော့ Windows 7 installation ရဲ့ အဓိကအပိုင်းဖြစ်တဲ့ major components တွေ install လုပ်တဲ့ အပိုင်း .. ဒီ Process က စက်ရဲ့ စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ၁၀ မိနစ်ကနေ မိနစ် ၆၀ ပတ်ဝန်းကျင် ကြာမြင့်နိုင်ပါတယ်။။။။။။။။။
Step(11)

အထက်က အဆင့်မှာဖော်ပြခဲ့တဲ့ လုပ်ဆောင်မှုတွေ တစ်ဆင့်ချင်း ( အောက်ဆုံး Completing installation အဆင့်မပါ ) အဆင့်အားလုံး ၁၀၀ % လုပ်ဆောင်ပြီးရင် ဒီ အဆင့်မှာ ကွန်ပြူတာ Reboot ကျသွားမယ်။ စောင့်ရတာ စိတ်မရှည်လို့ ချက်ချင်း ကျစေချင်ရင် Restart Now ကို နှိပ်လို့လည်း ရပါတယ်။
Step(12)

ဒီအဆင့်ကတော့ registry settings တွေကို Update လုပ်တဲ့ Process .. ဘာမှ လုပ်ဖို့ မလို .. ထိုင်ကြည့်နေယုံပါပဲ။။။။။။။
Step(13)

ဒီအဆင့်မှာ Setup စတင်လုပ်ဆောင်နေပြီ ဆိုတာ ပြပါတယ်။။။။။
Step(14)

အဆင့် ( ၁၀ ) မှာ မပြီးဆုံးသေးပဲ ကျန်နေခဲ့တဲ့ နောက်ဆုံးအဆင့် Completing installation အဆင့်ကို ဒီအဆင့်မှာ သူ့ဘာသာသူ ဆက်လုပ်ပါတယ်။။။။။။။။
Step(15)

ဒီအဆင့်မှာ Windows 7 installation ရဲ့ ကနဦး installation လုပ်ဆောင်မှုတွေ ပြီးစီးပြီး ကွန်ပြူတာ ဒုတိယ တစ်ကြိမ် Reboot ကျဦးမယ်။ လုပ်ဆောင်ဖို့ ကျန်နေသေးတဲ့ Setup လုပ်ငန်းစဉ်တွေကို Windows ပြန်အတက်မှာ ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတာ ဒီအဆင့်မှာ ပြပါတယ်။။။။။
Step(16)

Windows 7 စတင်ပါပြီ .. ဒီ Screen ကို ဝင်းဒိုးတက်တိုင်း မြင်တွေ့ရမှာပါ။။။။
Step(17)

ပထမဆုံးအကြိမ် စတင်အသုံးပြုမှု အတွက် အခြေအနေအားလုံး အဆင်သင့် ဖြစ်အောင် ပြင်ဆင်ပေးနေတဲ့ အဆင့်ပါ။ ဒီ အဆင့်ကိုတော့ ဒီတစ်ကြိမ်သာတွေ့ရမှာ ဖြစ်ပြီး နောက် Windows တက်တိုင်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။။။။။။
Step(18)

ဒီ အဆင့်က Windows 7 ရဲ့ အလှအပတွေကို အဓိက ဖော်ဆောင်ပေးမယ့် Aero စွမ်းဆောင်ရည် ကွန်ပြူတာ မှာ အပြည့် အဝ ရှိမရှိ Video performance ကို စစ်ဆေးနေတဲ့ အဆင့်ပါ။။။။။
Step(19)

စစ်ဆေး ဆုံးဖြတ်မှုတွေ အားလုံးပြီးဆုံးလို့ အဆင်ပြေပြီဆိုရင် ဒီ အဆင့်မှာ ကိုယ့်ကွန်ပြူတာအတွက် အမည်နဲ့ Network မှာသုံးမယ့် အမည်ကို ပေးရမယ်။ ပြီးရင် Next ကိုနှိပ်လိုက်ပါ။။။။။။
Step(20)

ဒီအဆင့်မှာတော့ create လုပ်ခဲ့တဲ့ အကောင့် အတွက် password ကို ပေးရမယ်။ သေချာစေချင်လို့ ၂ ခါပေးခိုင်းတယ်။ ပြီးတော့ တကယ်လို့ ကိုယ့် password ကို မေ့သွားခဲ့မယ် ဆိုရင် ရုတ်တရက် အစပြန်ခေါ်လို့ ရအောင် password hint ကိုပါ ပေးပေးရမယ်။။။။။။။။ (မပေးလည်းရတယ် ကိစ္စမရှိဘူး)
Step(21)

တကယ်လို့ ကိုယ်ဟာ တကယ့် Genuine Windows 7 DVD ဝယ်ခဲ့တယ် ဆိုရင် ဒီနေရာမှာ အဲ့ DVD နဲ့ တူတူ ပါလာတဲ့ Product key ကို ထည့်ပေးရမယ်။ အဲ့ဒီ ကီးဟာ ကိုယ့်စက်မှာ Windows 7 ဘယ် Version ကို တင်ရမယ် ဆိုတာ ဆုံးဖြတ်ပေးမှာ ဖြစ်ပြီး ၊ 32 bit ရော 64 bit ရောအတွက် Product key က တူတူပဲ။ တကယ်လို့ ကိုယ်သုံးတဲ့ DVD က မူရင်းခွေ မဟုတ်ဘူး ဆိုရင် Automatically activate Windows when I’m online. ဆိုတာကို ကလစ်ပေးပြီး ဝင်းဒိုးတက်လာမှ Windows Genuine Crack တစ်ခုနဲ့ Genuine ဖြစ်သွားအောင်လုပ်လို့ ရသလို တကယ်လို့ ကိုယ့် အခွေက ပြင်ဆင်ထားတဲ့ Activated လုပ်ပြီးသား အခွေ ဆိုရင်လည်း ဒီနေရာမှာ Automatically activate Windows when I’m online. ကိုပဲ ဘေးက Check box မှာ အမှတ်ပေးပြီး ရှေ့ဆက်သွားလို့ ရတယ်။
Step(22)

ကွန်ပြူတာတစ်ခုလုံးအတွက် Problems အနည်းဆုံးနဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် အပြည့်ရဖို့ ၊ Windows တစ်ခုလုံး အစဉ်သဖြင့် Update ဖြစ်နေစေဖို့ အကောင်းဆုံးက ဒီနေရာမှာ Use Recommended Settings ကို သုံးတာ အကောင်းဆုံးပါပဲ .. မလိုချင်လည်း ပိတ်ထားလို့ ရပြီး ဒီ Options အချိန်းအပြောင်းက နောက်မှ Ctrl panel ကနေ ပြန်လုပ်ယူလည်း ရပါတယ်။။။။
Step(23)

ကွန်ပြူတာအတွက် လိုအပ်တဲ့ Time and Date Settings ကို ဒီနေရာမှာ ချိန်ညှိပေးရပါတယ်။။။။။။။။
Step(24)

ကိုယ့် ကွန်ပြူတာဟာ ဘယ်လို network မျိုးမှာ ရှိတယ်ဆိုတာ ရွေးချယ်ပေးရမယ်။ အများအားဖြင့်တော့ အိမ်သုံး ကွန်ပြူတာတွေ အတွက် Home Network ကိုရွေးချယ်ကြပြီး .. အလုပ်မှာ ရှိတဲ့ network မှာ သုံးမယ့် ကွန်ပြူတာတွေ အတွက် Work network .. ဒါမှမဟုတ် Network မှာ ရှိတဲ့ ဘယ်ကွန်ပြူတာကိုမှ မသိဘူး ဥပမာ Airport မှာလိုမျိုး Coffee shop မှာလိုမျိုး သုံးတဲ့ ကွန်ပြူတာ ၊ နောက်ပြီး အဲ့ကွန်ပြူတာက Mobile Broadband လည်း ရှိနေတယ်ဆိုရင် ဒါကို Public network .. စသဖြင့်ရွေးချယ်ပေးရပါမယ်။။။။။။။။။။
Step(25)

ခုနကလို ရွေးချယ်မှုတွေ ပြီးဆုံးတဲ့ နောက်မှာတော့ ဒီအဆင့်မှာ Network နဲ့ ချိတ်ဆက်မှု အပိုင်း လုပ်ဆောင်ပါတယ်။။။။။။။။
Step(26)

ဒါကတော့ နောက်ဆုံးတကာ့ နောက်ဆုံးအဆင့် finalizing settings သတ်မှတ်တဲ့ အဆင့်ပါ။။။။။။။။။။။။။
Step(27)

Windows တက်လာပါပြီ။ ဒါ Welcome Screen ပါ။
Step(28)

အားလုံး အသင့်ဖြစ်စေဖို့ Desktop ကို ပြင်ဆင်နေပါပြီ။ ပြီးပါတော့မယ်။။။။။။။
Step(29)

ဒါ Windows 7 ပါပဲ .. အားလုံးပြီးခဲ့ပါပြီ။ လိုအပ်တာလေးတွေ ပြင်ဆင်ရမှာလေးတွေ တော့ ရှိသေးတယ် .. ဒါပေမယ့် ဒီ ၂၉ ဆင့်ကတော့ ဝင်းဒိုးအကြမ်းထည် ပုံဖော်ခြင်းပဲ .. သူ့ နောက်မှာ လိုအပ်မယ့် drivers တင်တာတွေ .. softwares တင်တာတွေ ရှိသေးတယ် .. ခေါင်းစဉ်က Windows Installation မို့လို့ ဒီလောက်ဆို လုံလောက်ပါပြီ။ဒီ Post လေးမှာ အဆင်မပြေတာများရှိခဲ့ရင် ကျွန်တော့်ကိုပြောပါ။ အဆင်ပြေခဲ့ရင် သူငယ်ချင်းတွေကို share ပေးပါ။။။။။။။။။။။
♥♥♥ပျော်ရွှင်ပါစေ♥♥♥